Tuesday, 07 September, 2010
ထေရုပတ္တိအကျဉ်း PDF Print

မန္တလေးတိုင်း၊ အမရပူရမြို့၊ နန်းတော်ရာ စံပြကွက်သစ် ရပ်ကွက်၌ အဖဦးထီ၊ မိခင်ဒေါ်သိန်းရင်တို့မှ ၁၃၂၆ခုနှစ်၊ တပို့တွဲလဆန်း(၁၅)ရက်၊ အင်္ဂါနေ့(၁၆-၂-၆၅) တွင်ဖွားမြင်သည်။ မွေးချင်းလေးယောက် အနက် ဒုတိယမြောက် သားရတနာဖြစ်သည်။

၁၃၃၈ ခုနှစ်တွင် မန္တလေးမြို့၊ မူလဆီးဘန်နီကျောင်းတိုက် ပညာ့ဗိမာန် သာသနာပြုကျောင်း၌ ဆရာတော် ဦးပညာသာမိကို ဥပဇ္ဈယ်ပြု၍ မယ်တော်၊ ခမည်းတော်တို့၏ ပစ္စယာနုဂ္ဂဟုဖြင့် ရှင်သာမဏေ ဘ၀သို့ရောက်ရှိ သည်။

၁၃၄၆ခုနှစ်၊ ကဆုန်လဆန်း(၁၅)ရက်နေ့တွင် မန္တလေးမြို့၊ တောင်ပြင် မိုးတားကျောင်းတိုက် ခဏ္ဍသိမ်၌ မိုးတား တိုက်အုပ်ဆရာတော် ဦးမေလိယကို ဥပဇ္ဈယ်ပြု၍ မြင့်မြတ်သောရဟန်းဘ၀သို့ ရောက်ရှိသည်။ ရဟန်းဒကာ၊ ရဟန်းအမများမှာ မန္တလေးတိုင်း၊ ချမ်းအေးသာဇံမြို့နယ်၊ သီတာအေး(၉၂၀)ရပ်ကွက်မှ ဦးဝင်းမြင့်+ဒေါ်ထွေး၊ ဦးဝင်းမြ+ဒေါ်ခင်မူ တို့ဖြစ်သည်။

မန္တလေးမြို့၊ မူလဆီးဘန်နီကျောင်းတိုက် ပညာ့ဗိမာန် သာသနာပြုကျောင်း၊ မြင်းခြံခရိုင်၊ တောင်သာ မြို့နယ်၊ သာသနာ့ မူလိကာရာမကျောင်းသစ်ကျောင်းစာသင်တိုက်၊ မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက် သစ်တို့၌ ပထမကြီးတန်း အောင်မြင်၍ ဓမ္မစရိယတန်းရောက်သည်အထိ ပရိယတ္တိစာပေများကို သင်ယူ ခဲ့သည်။

  • ဆရာနည်းရအောင် အချိန်ယူ၍ အားထုတ်ခဲ့သော ၀ိပဿနာနည်းများမှာ
    1. မိုးကုတ်ဝိပဿနာ၊
    2. ကသစ်ဝိုင်းဝိပဿနာ
    3. ပခုက္ကူဝိပဿနာ
    4. သင်တန်းဆရာ တို့ဖြစ်သည်။
  • အချိန်ပိုင်းလေ့လာအားထုတ်ခဲ့သော နည်းများမှာ-
    1. မဟာစည် ၀ိပဿနာ
    2. စွန်းလွန်း ၀ိပဿနာ
    3. သဲအင်းဂူ ၀ိပဿနာ
    4. သစ္စဒီပက ၀ိပဿနာ
    5. ညောင်လွန့်တောရ(ဘုံကျဉ်း) ပိပဿနာ
    6. အမြိုက် ၀ိပဿနာ
    7. လယ်တီ ၀ိပဿနာ တို့ဖြစ်သည်။
  ယခုအချိန်တွင်ပခုက္ကူဝိပဿနာသင်တန်းတရားကို အမာခံ၍ ဟောကြားပြသလျှက်ရှိသည်။ ဆရာတော် ရေးသားသော ကျမ်းစာအုပ်များကို ဖတ်ရှုမိရာမှတစ်ဆင့် ပင့်ဖိတ်မှုများကြောင့် အနယ်နယ်အရပ်ရပ်သို့ ကြွရောက်ကာ တရားဒေသနာများကို ဟောကြားပြသလျှက်ရှိသည်။ စေတနာ သဒ္ဓါတရား အလျှောက် လှူဒါန်းလာသော ကျောင်းမြေများကို အလှူခံ၍ ရိပ်သာများဖွင့်လှစ်ကာ တရားပြသလျှက် ရှိသည်။

ကော့သောင်းမြို့(၇)မိုင်တောရ ဝေနေယျသုခဓမ္မရိပ်သာတွင် တပေါင်းလမှ နယုန်လအထိ၊ မြိတ်မြို့နယ် ကျောက်ဖြူတောင်ရွာသစ်ညီနောင် ရွှေပြည်သာဓမ္မရိပ်သာတွင် ၀ါဆိုမှ သီတင်းကျွတ်လထိ၊ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ မန္တလေးကျောင်းတွင် တန်ဆောင်မုန်းလမှ တပို့တွဲလထိ အလုပ်ပေး ၀ိပဿနာတရားများကို ဟောကြားပြသလျှက်ရှိသည်။

ရဟန်းနှစ်ဝါ(၂၂) နှစ်သားမှ ယခုချိန်တိုင်အောင် ဗုဒ္ဓဓမ္မလောက၊ ဓမ္မရံသီ၊ ဓမ္မရတနာ၊ မြတ်ဆုမွန်၊ မြတ်မွန်ရတနာ၊ သာသနာ့ရောင်ခြည်၊ ဇမ္ဗူ့ရတနာ၊ လျှို့ဝှက်ဆန်းကြယ်၊ နိုင်ငံဂုဏ်ရည်၊ ဘာသာသွေး၊ မြစ်မခစာသ၀ဏ်၊ သူရဇ္ဇ၊ ရောင်ပြန် စသော မဂ္ဂဇင်းများတွင် ဆောင်းပါးအပုဒ်နှစ်ရာကျော်နှင့် ၀တ္ထုတို၊ ရှည် အပုဒ်(၁၀၀)ကျော်တို့ကို ရေးသားခဲ့သည်။  ကလောင်အမည်များမှာ-

  • ဦးဇ၀န(တောင်သာ)
  • အရှင်ဇ၀န(မန္တလေး)
  • မေတ္တာရှင်(ရွှေပြည်သာ) တို့ဖြစ်သည်။

မေတ္တာရှင်(ရွှေပြည်သာ) ဟူသော ကလောင်အမည်ဖြင့်

  1. မျက်ရည်မကျခင် သိစေချင်
  2. ယုံမှတ်လို့ ပုံအပ်မိသူများအကြောင်း(ပထမတွဲ)
  3. ယုံမှတ်လို့ ပုံအပ်မိသူများအကြောင်း(ဒုတိယတွဲ)
  4. သရဏဂုံ အစွမ်းအံ့မခန်း
  5. မေတ္တာအစွမ်း အံ့မခန်း
  6. မဂ်တား ဖိုလ်တား အန္တာရယ်များ
  7. အတွင်းရန်သူ
  8. စာရိတ္တသတ္တိ
  9. မိဘမေတ္တာရသစုများ(မင်းထိန်းထိပ်နှင့်တွဲ၍)
  10. မြန်မာတို့၏အသက်

စာအုပ်တို့ကို ထုတ်ဝေခဲ့သည်။

  • ၁၉၉၂ခုနှစ်တွင် မြတ်ဆုမွန် မဂ္ဂဇင်းမှ ဦးစီး၍ ကျင်းပသော ဗုဒ္ဓဘာသာနှင့် ထွက်ရပ်ပေါက်ပုဂ္ဂိုလ် ဟူ သော ခေါင်းစီးဖြင့် ဆောင်းပါးပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည်။
  • ၂၀၀၂ခုနှစ်တွင် ကျင်းပသော မြတ်မိခင်စာပေဆုဝတ္ထုတိုပြိုင်ပွဲတွင် နံ့သာပမာ မိဘမေတ္တာ ၀တ္ထုဖြင့် တတိယဆုကို ရရှိသည်။
  • ယခုအခါ ရွှေပြည်သာမြို့-မန္တလေးကျောင်းတိုက်၊ မှော်ဘီမြို့-သုဒ္ဓ၀ိပဿနာ ဓမ္မရိပ်သာကျောင်းတိုက်၊ မြိတ်မြို့-သစ်ညီနောင် ဓမ္မရိပ်သာကျောင်းတိုက်၊ ကော့သောင်းမြို့-ဝေနေယျသုခဓမ္မရိပ်သာကျောင်း တိုက် တို့တွင် လှည့်လည်၍ ၀ိပဿနာတရားများကို ဟောကြားပြသလျက်ရှိသည်။
 

ဆက်သွယ်နိုင်သည့်လိပ်စာ

ဆရာတော် အရှင်ဇ၀န(မေတ္တာရှင်)

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ (၆)ရပ်ကွက်၊ ချင်းတွင်းလမ်းနှင့် ရွှေပြည်သာမြို့ဦးစေတီ အနီး မန္တလေးကျောင်းတိုက်။

၀၉-   ၀၉- ၅၀၁ ၆၆၆၃

admin@mettashin.org,   admin@mettashin.org, nanhtikewin@gmail.com

လာရောက်ခဲ့သောဓမ္မမိတ်ဆွေများ

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့ဓမ္မမိတ်ဆွေ59
mod_vvisit_counterမနေ့ကဓမ္မမိတ်ဆွေ67
mod_vvisit_counterယခုအပတ်ဓမ္မမိတ်ဆွေ59
mod_vvisit_counterယခုလဓမ္မမိတ်ဆွေ449
mod_vvisit_counterစုစုပေါင်း83310
We have 3 guests online
Copyright © 2005 - 2010 အရှင်ဇ၀န(မေတ္တာရှင်). Hosting အလှူရှင် SHWEVIDEOSနှင့် အမောင်(ရေနံ့သာ)မှ ဓမ္မဒါနပြုပါသည်။