Tuesday, 07 September, 2010
ကျေးဇူးရှင်ဆရာတော် ဦးဇ၀န၏ အွန်လိုင်းစာမျက်နှာ ဓမ္မမေးဖြေလွှာများ (၄) PDF Print
Article Index
ကျေးဇူးရှင်ဆရာတော် ဦးဇ၀န၏ အွန်လိုင်းစာမျက်နှာ ဓမ္မမေးဖြေလွှာများ (၄)
ဒကာတော်ဇော်မျိုးထွဋ်အတွက် အဖြလွှာ
ဒကာတော်နန္ဒအောင်အောင်အတွက် အဖြေလွှာ
All Pages

တပည့်တော်ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား။

တပည့်တော်သိလိုသည်မှာဝါတွင်းကာလ(၃)လလုံးတွင် အဘယ့်ကြောင့်ရဟန်းပြုခွင့်မရှိတလဲဘုရား။ မြတ်စွာဘုရားရှင်က ၀ါတွင်းကာလအတွင်း ရဟန်းမပြုရလို့ ပညတ်ချက်များ သတ်မှတ်ထားပါသလား အရှင်မြတ်ဘုရား။ အဘယ်အကြောင်း ကြောင့် ရဟန်းပြုခွင့်မရှိရတာလဲဘုရား။

တပည့်တော်ဝင်းဇော်ဦး

ရဟန်းပြုခွင့်ရှိပါသည်၊ တာမြစ်ချက်ကားချက်မတွေ့ဘူးပါ၊ ယုတ္တိမရှိသောအယူအဆရှိလျှင် ဘုရားဟောမဟုတ်တာများသည်။ သံဝေဂဖြစ်ချိန်တွင်ရ ဟန်းပြုရမည်သာဖြစ်သည်။ ရဟန်းပြုခြင်းသည် ကုလိုလ်အလုပ်ဖြစ်သောကြောင့် အချိန်၊ နေရာ၊ အရပ်ဒေသ၊ ရွေးစရာမလိုပါ။ ကုသိုလ်ပြုခါနီးပြဿဒါး၊ ရက်ရာဇာရွေးခြင်းသည် ဘုရားဟောမရှိပါ။ ဟိန္ဒူဝါဒမှ အယူအဆဖြစ်သည်။ စနေ၊ တနင်္ဂနွေ စသောဂြိုလ်များသည်လည်း ဘုရာဟောမရှိပါ။ ဟိန္ဒူဝါဒမှရောက်ခြင်းဖြစ်သည်။ ထေရ၀ါဒဗုဒ္ဓဘာသာအယူအဆအရ ကုသိုလ်ကကောင်းကျိုးပေး၍ အကုသိုလ်ကမကောင်းကျိုးပေးပါသည်။ ထို့ကြောင့် သားဦး စနေ မီးလိုမွှေသော အယူဝါဒမာ ယုတ္တိမရှိကြောင်းနားလည်ပါ။

အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ)

တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။ တပည့်တော် သိလိုသည်မှာ ရဟန်းများသည် နေ့လည် (၁၂း၀၀) ကျော်လျှင် အဘယ့်ကြောင့် ဆွမ်း၊ အဟာရ မမှီဝဲရပါသနည်း။ အဘယ်အကျိုးကို မြင်၍ မြတ်စွာဘုရားသည် ပညတ်ခဲ့ပါ သလဲ အရှင်မြတ်ဘုရား။    

တပည့်တော်ထွန်းထွန်း

 အရှင်ဘုရားနှင့် သံဃာတော်များသည် နံနက်စာ၊ ညစာ နှစ်ခါဘုန်းပေးကြပါသည်။ သံဃာတော်များလည်း ဆွမ်းခံနှစ်ကြိမ်  ကြွကြရပါသည်။ ဆွမ်းခံချိန်၊ ဆွမ်းစားချိန်၊ ဆေးကြောချိန်တို့ကို နုတ်လိုက်လျှင် ကုသိုလ်ဆည်းပူးချိန် အလွန်နည်းပါးသွားပါသည်။ ထို့ကြောင့် ဘုရားရှင်ကိုယ်တိုင် ညစာမစားပဲ နေကြည့်ပါသည်။ ထိုအခါ အောက်ပါ ကောင်းကျိုးများကိုခံစားရပါသည်။

(၁) အညောင်းအညာပြေသည်။

(၂) ရောဂါနည်းသည်။ ရောဂါအများစုသည်အစားအစာကြောင့်ဖြစ်တာများသည်။

(၃) ကိလေသာထကြွမှုနည်းပါးသည်။(ပုထုဇဉ်ဖြစ်လျှင်)

(၄) ကုသိုလ်လုပ်ချိန်ပိုရသည်။ ထိုသို့အကျိုးများကိုမြင်သောကြောင့် ညစာမစားကြရန်ပညတ်တော်မူခြင်းဖြစ်သည်။

         အစားကြီးလွန်းသော ကောသလမင်းကြီးကို ဘုရားရှင်က အောက်ပါဂါထာကိုဟောပေးရာအစားနည်းသွားခဲ့သည်။

စဋဇဿ သဒါသတိပတော၊ မတ္တံဈာနတော လဒ္ဓဘောစနံ၊

စာဋကဿ ဘ၀န္တိဝေဒနာ၊ သဏိတံ ဇိရတိ အာယုပါလကံ။

အစားအစားကို အလွန်အကျူးစားသူသည် ရောဂါဝေဒနာများသည်၊ အိုစာပြီးရုပ်ကျလွယ်သည်၊ အသက်တိုသည်။ အစား အစာကိုချင့်ချိန် စားမည်ဆိုလျှင် ရောဂါကင်းရှင်းသည် အရွယ်တင်သည်၊ အသက်ရှည်သည်။

အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ)



 
Copyright © 2005 - 2010 အရှင်ဇ၀န(မေတ္တာရှင်). Hosting အလှူရှင် SHWEVIDEOSနှင့် အမောင်(ရေနံ့သာ)မှ ဓမ္မဒါနပြုပါသည်။