|
အမေးအဖြေကဏ္ဍ |
|
|
|
ဓမ္မမိတ္တသူတော်ကောင်းအပေါင်းတို့ခင်ဗျာ... ဆရာတော်၏ မိန့်ကြားမှုအား သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။ ဆရာတော်သည် သာသနာ့တာဝန်များကို နေ့ညမပြတ်ဆောင်ရွက်သည့်ကြားမှပင် ကမ္ဘာအရပ်ရပ်မှ သူတော်ကောင်း တို့အပေါင်းတို့ မေးခွန်းများကို ပြန်လည်ဖြေကြားပေးမည်ဟု မိန့်ကြားခဲ့ပါသည်။ ဖြေကြားရာတွင် ဆရာတော်သည် မအားလပ်သည့်ကြားမှ ပြန်လည်ဖြေကြားပေးမည် ဖြစ်သည့်အတွက် တစ်လတစ်လအတွင်း မေးထားသမျှသော မေးခွန်းများကို စု၍ တစ်လလျှင် တစ်ကြိမ်ပြန်လည် ဖြေကြားပေးသွားမည်ဟု မိန့်ကြားခဲ့ပါသည်။ ထိုသို့ အမေးနှင့်အဖြေအား အမေးအဖြေ ကဏ္ဍအဖြစ်သီးသန့် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကမ္ဘာအရပ်ရပ်မှ သူတော်ကောင်းအပေါင်းတို့ မေးလျှောက်လိုသော မေးခွန်းများကို
This e-mail address is being protected from spambots. You need JavaScript enabled to view it
၊
This e-mail address is being protected from spambots. You need JavaScript enabled to view it
၊ သို့မဟုတ်
This e-mail address is being protected from spambots. You need JavaScript enabled to view it
သို့ ပို့ပေးစေချင်ပါသည်။ ဆရာတော်မှ ပြန်လည်ဖြေကြားသော မေးခွန်းများကို ဤဆိုဒ်တွင် တစ်လလျှင် တစ်ကြိမ်ပြန်လည်ဖော်ပြပေးသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။ Administrator. |
|
|
ဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်းနှင့် စာပေဆုချီးမြှင့်ခြင်း |
|
|
|
ပြည်ထောင်စုမြန်မာနိုင်ငံတော်-နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အမိန့်ကြောငြာစာအမှတ်၊ ၁/၂၀၀၉၊ ၁၃၇၀ပြည့်နှစ် ပြာသိုလဆန်း ၉ရက်(၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ ၄ရက်) နေ့တွင် ဆရာတော်အရှင်ဇ၀နမေတ္တာရှင်(ရွှေပြည်သာ)အား ဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်အား အပ်နှင်းခဲ့ပါကြောင်း ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ရန် တင်ပြအပ်ပါသည်။ ဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်အား ဆရာတော်ဘုရားသည် ၁၃၇၀ခုနှစ်၊ တပေါင်းလပြည့်၊ (၁၀-၃-၂၀၀၉)တွင် လက်ခံရရှိခဲ့ပါသည်။ အဂ္ဂမဟာပဏ္ဍိတ ဂျပန်နိုင်ငံ သာသနာပြုဆရာတော် ဘဒ္ဒန္တဝေပုလ္လ၏ ဗုဒ္ဓစာပေစုနှင့်စာအောင်ဆု(ပထမ)ကို ဆရာတော်သည် ၁၃၇၀ခုနှစ်၊ တပေါင်းလပြည့်ကျော်(၅)ရက် (၁၅-၃-၂၀၀၉)(တနင်္ဂနွေနေ့)တွင် လက်ခံရရှိခဲ့ပါသည်။ ထိုဆုအား သင်ညာသိနှင့်ပညာသိ စာအုပ်ဖြင့် ရရှိခဲ့ခြင်းဖြစ်ပါသည်။ |
|
Read more...
|
|
|
|
|
|
|